Collection: Tales of Canvas

Naga Faces By Artist Hein Thit
နာဂတိုင်းရင်းသားတွေရဲ့မျက်နှာ
၁။ မိုက်ကယ်ဂျက်ဆင်က သူ့ရဲ့ အသားအရေကို ဖြူဖွေးသွားအောင် ပြုလုပ်ခဲ့ဖူး၏။ တကယ်တော့ ကျနော်တို့က သူ့ရဲ့ မျက်နှာဖြူဖတ်ဖတ်ကြီးကို ချစ်တာမဟုတ်ပါဘူး။ လူမည်းတစ်ယောက်ရဲ့ နှလုံးအသွေးအသားထဲက ရုန်းထွက်လာတဲ့ ဂီတပါရမီဓာတ်ခံ အနုပညာရင့်သန်မှုကို ချစ်တာပါ။
၂။ မိတ်ကပ်လူး ယဉ်ကျေးမှုတွေ ဘယ်လောက်ပင် ထွန်းကားပါစေ။
၃။ ကျနော်သိတဲ့ နာဂတိုင်းရင်းသားတွေက သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် သယ်ဆောင်လာတဲ့ ပကတိအရှိတရားတွေပါ။ ရိုးရာအစဉ်အလာတွေကို တန်ဘိုးထားပြီး မွေ့လျော်သူတွေဖြစ်တဲ့ နာဂတိုင်းရင်းသားတွေရဲ့ နှလုံးသွေးထဲမှာ လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း နဲ့အတူ ဗုံစည်သံတွေ အစဉ်အမြဲ လွင့်ပျံနေပါလိမ့်မည်။
ချစ်ခင်လေးစားစွာဖြင့်
ဟိန်းသစ်
၂၇၊ ၁၊ ၂၀၂၁