Artist Thu Ra Kyaw
လေးမြို့ကမ်း - 5
လေးမြို့ကမ်း - 5
Medium : Acrylic on Canvas
Size : 24 in x 30 in (Height x Width)
Year : 2025
~ ညရဲ့ချေးညှော်တွေပေကျံ
မြူနှင်းရံတဲ့ တောင်းတန်းတွေကို
နီမြန်းတဲ့ အရုဏ်ဟာ
မျက်နှာသစ်ပေးလိုက်တယ်
တောင်ခြေတစ်လျှောက် ရေသောက်ဆင်းတဲ့ မြွေတစ်ကောင်လို
သက်တန့်ရောင်စုံပြိုးပြက်
လေးမြို့ဟာ ညက်ညောစီးနေလေရဲ့။
~ လှိုင်းတွန့်လှိုင်းရိပ်လေးတွေဟာ
ရိုးမထိပ်မှာ တွဲခိုနေတဲ့
နွေဦးတိမ်ညွန့်များလိုပါ။
မြစ်ပြင်ထက်ကမြူလွှာယဲ့ယဲ့ကို
ရေငွေ့များ လွင့်ပျံထိုးဖောက်
မနက်ခင်းဟာ ရုတ်ခြည်းတောက်ပလာ
မယုံဝံ့ မယုံရဲစရာ
မြင်ကွင်းဟာ လှလွန်းနေပါရဲ့
ချိုမြိန်တဲ့ ဆောင်းဦးကောက်သစ်ရနံ့
ကြည်နူးဘွယ်သင်းမြလွင့်နေပါရဲ့။
~ကိုင်းခုတ် ယာခုတ် လယ်လုပ်
သစ်ခုတ် ဝါးခုတ် ဖောင်စီး
လေးမြို့ပြည်သူတွေ ပင်ပန်းခါးသီးလှချည့်။
~မက်စောက်တဲ့ ကမ်းပါးထိပ်ကနေ
အရှေ့ဖျားဆီ မျှော်ကြည့်မိတယ်
စာအုပ်ရှားတဲ့ သည်မြေမှာ
ဝါးတောတွေ ပိန်းပိန်းထပ်လို့ပေါ့။
~သည်ဝါးတွေကို စက္ကူလုပ်ပြီး
အဲဒီစက္ကူပေါ်မှာ
ငြိမ်းချမ်းလှပတဲ့ လေးမြို့သမိုင်းသစ်ကို
ဘယ်သူရေးပါ့မလဲ။ ။
ဆရာ မောင်ခိုင်အောင်
ရခိုင်တန်ဆောင်(၁၈) ၁၉၉၅
Couldn't load pickup availability
Share
Note: The artwork's actual colors may vary due to the display settings.
View full details
Artist Portfolio
Thu Ra Kyaw
Thu Ra Kyaw
Born in 1996 Sittway, Rakhine state,Myanmar.
Education : Graduated from the State School of Fine Arts (Yangon)
Group Show : 29 times (2014-2023)
Oversea Show :
- 2019Art Revolution Taipei 2019, wall trade center hall 3,Taiwan
- 2020Art Revolution Taipei 2020, wall trade center hall 3,Taiwan
Solo Show :
- Rebirth, first solo art exhibition 2022, Lokanat galleries, Yangon.
- Rebirth, second solo art exhibition 2024, Sar Ga Gallery, Yangon.
Buy with Trust
-
Artist
Artworks from renown artists.
-
Shipping
Deliver to Your Door Step.
-
Certificate
Each Artwork Contain Gallery’s Certificate.